Frequently Asked Questions

Following are answers to some of the most commonly asked questions regarding hearing loss and hearing aids.

  • Q: နားကြားကိရိယာတွေဟာ ဘယ်လိုလုပ်ဆောင်ပါသလဲ။

      နားကြားကိရိယာတွေရဲ့ လုပ်ဆောင်ချက်ကတော့ ရိုးရှင်းပါတယ်။ သူကတော့ အသံကိုလက်ခံပြီး အသံကိုချဲ့ ပေးနိုင်တဲ့ လျှပ်စစ်ပစ္စည်းလေးတွေပါ။သူတို့ဟာ သင်မကြားနိုင်တဲ့ အသံကိုမြှင့် ပေးတဲ့အတွက် အသံကိုကောင်းကောင်းကြားနိုင်အောင်လုပ်ဆောင် ပေးပါတယ်။


  • Q: သင်နားမကြားမှန်းဘယ်လိုသိနိုင်ပါသလဲ။

      • မကြာခဏ မကြားတကြားပြောတတ်ပါတယ်။
      • အသံကိုကြားနိုင်ပေမယ့် နားလည်ဖို့ခက်ခဲနေတတ်တယ်
      • စကားပြောတဲ့ခါ ပြန်ပြန်မေးနေတတ်ပါတယ်။
      • ဖုန်းပြေရင်ပိုပြီခက်ခဲနေတတ်တယ်။
      • ပိုက်ကရေကျသံတွေ ၊ နာရီ လက်တံသံတွေကို မကြားနိုင်ဖြစ်နေတတ်ပါတယ်။
      • စကားအကျယ်ကြီးပြောနေတတ်တယ်။
      • အခြားသူတွေက သင့်ကို TV/Radio တွေကိုအကျယ်ကြီးဖွင့်တယ်လို့ပြောမယ်။
      • နားထဲမှာ တ၀ီဝီ မြည်သံတွေ ကလင်ကလင်မြည်သံတွေကြားနေတတ်ပါတယ်။
      • လူတွေကြားထဲစကားပြောရတာခက်ခဲနေတယ်။
      • လူနှစ်ယောက်ထက်ပိုပြီးစကားပြောတဲ့ အခါ ကသိကအောင့်ဖြစ်နေမယ်။
      • လူထူထပ်တဲ့နေရာတွေ(ဥပမာ - Shopping Center, Restaurant) တွေမှာအသံကိုကြားနိုင်ဖို့ တော်တော်ခက်ခဲ နေတတ်ပါတယ်။
      • အမျိုးသမီးသံတွေ ကလေးသံတွေကိုပို ပြီးကြားရခက်ခဲတတ်ပါတယ်။

  • Q: နားကြားကိရိယာရဲ့ ဈေးနှုန်းနဲ့ကုန်ကျစရိတ်ကဘယ်လောက်ရှိနိုင်ပါသလဲ။

      ဈေးနှုန်းတွေကတော့ အရေအသွေး ကောင်းရင်ကောင်းသလောက်ဈေးပေးရပါတယ်။ လုပ်ဆောင်ချက်တွေ ၀န်ဆောင်မှုတွေ အာမခံပေးမှု ပေါ်မူတည်ပြီး ဈေးနှုန်းက ကွဲပြားနိုင်ပါတယ်။ ကျွန်တော်တို့နားကြားကိရိယာ ဆိုင်မှာတော့ သင်သုံးနိုင်တဲ့ငွေပမာဏ ပေါ်မူတည်ပြီး ရွေးချယ်ပေးပါတယ်။ တခါတရံ Discount လျော့ဈေး ပေးတာမျိုးတွေ အလှူရှင်တွေ ပေါ် လာမယ်ဆိုရင်တော့ အများကြီး ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။

  • Q: နားကြားကိရိယာ တပ်ဆင်မှုဟာ ဘ၀ကိုဘယ်လိုတိုးတက်ကောင်းမွန်စေနိုင်ပါသလဲ။

      နားကြားကိရိယာ တပ်ဆင်ထားခြင်းအားဖြင့် ကိုယ့်တိုင် ယုံကြည်မှု တိုးတက်စေတယ် ၊ စိတ်ဖိစီးမှု တွေကိုလည်း လျော့ကျစေပါတယ်။ နားကောင်းကောင်း မကြားရင်တော့ သူများတွေဘာပြောလိုက်မှန်းမသိဖြစ်နေမှာ မို့ ကိုယ်တိုင်ယုံကြည်မှု အားနည်းနိုင်ပါတယ်။

  • Q: နားမကြားဖြစ်နေပါတယ်။ ဘာလုပ်ရမလဲ။

      အသက် ၁၈နှစ်ကျော် ရင်တော့ နားဆရာဝန် ၊ နားကြားကိရိယာအရောင်းစင်တာက ကျွမ်းကျင်သူတွေနဲ့ တွေ့ပြီးဆွေးနွေးသင့် ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက စမ်းသပ်ရရှိတဲ့ အဖြေပေါ် မူတည်ပြီး သူတို့ညွှန်ကြားပေးတဲ့ ဆရာဝန်နဲ့ ပြသပြီး သင့်တော်မယ့် နားကြားကိရိယာတစ်ခုကို တပ်ဆင်ရင်တော့အကောင်းဆုံးပါပဲ။ အကယ် ၍သင့်ကလေးနားမကြားဘူးဆိုရင်တော့ နားပိုင်းဆိုင်ရာကလေးဆရာဝန် နဲ့ ပြသပြီး အမြန်ဆုံးကုသသင့်ပါတယ်။

  • Q: ဘယ်လိုနေရာမျိုးတွေဟာ နားအတွက်အန္တရာယ်ရှိနိုင်ပါသလဲ။

      မီးပန်း၊ ဗျောက်အိုးဖောက်တဲ့ ပွဲတွေ ၊ နိုက်ကလပ်တွေ ၊ စတိတ်ရှိုးပွဲတွေ ၊ သေနတ်သံတွေ ၊ ရုတ်ရှင်ယုံ ၊ ကားပြိုင်ပွဲ ၊ မော်တော်ဆိုင်ကယ်ပြိုင်ပွဲ ၊ မော်တော်ဘုတ်သံတွေ ၊ အသံအကျယ်ကြီးဖွင့်ထားတဲ့ နေရာတွေဟာ နားကိုအန္တရာယ်ရှိစေပါတယ်။

  • Q: နားဘာကြောင့်နားမကြားတာလဲ။

      နားမကြားခြင်းရဲ့အဓိက အကြောင်းကတော့ နားအတွင်းပိုင်းပျက်စီးနေလို့ပါပဲ။ များသောအားဖြင့်တော့ အသက်ကြီးလာတာရယ်၊ ကျယ်လောင်တဲ့အသံတွေကို နှစ်ပေါင်းများစွာ အဆက်မပြတ်ကြားနေရတယ် သွားစေပါတယ်။ သိပ္ပံပညာရှင်တွေလေ့လာတွေ့ရှိချက် အရတော့ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ တွေကြောင့်လဲ နားအတွင်းပိုင်းကိုထိခိုက် ပျက်စီးစေတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး အကြောင်းတွေကြောင့် နားမကြားဘူးဆိုရင်တော့ ကုသလို့မရနိုင်ပါဘူး။ နားကြားကိရိယာတပ်ဆင်မှသာ အဆင်ပြေနိုင်မှာပါ။ ကုသနိုင်တဲ့နားမကြားမှု တွေလဲရှိပါတယ်။ နားထဲမှာ နားဆီတွေများနေတာမျိုး ၊ ရာဂါပိုးကူးစက်ဝင်ရောင်တာမျိုး ၊ နားလယ်ပိုင်းမှာ နားရိုးချို့ယွင်းပျက်စီးတာမျိုးတို့က ကုသလို့ရနိုင် ပါတယ်။ ဘယ်လိုမျိုးကြောင့်နားမကြားဖြစ်ရလဲ ဆိုတာကို စမ်သပ်ရှာဖွေပြီး ကုသမှု ခံယူနိုင်ပါတယ်။

  • Q: ဘယ်လိုမျိုး အလုပ်တွေဟာ နားအတွက်အန္တရယ် ရှိနိုင်ပါသလဲ။

      စက်ရုံအလုပ်သမား ၊ မီးသတ်သမား ၊ ရဲ ၊ လယ်သမား ၊ ဆောက်လုပ်ရေးဝန်ထမ်းများ ၊ စစ်သားများ ၊ စက်ရုံအလုပ်ရုံ ၀န်ထမ်းများ ၊ ဂီတလုပ်ငန်းလုပ်ကိုင်သူတွေ ၊ အခြားဖျော်ဖျေရေးလုပ်ငန်းလုပ်ကိုင်သူတွေဟာ နား အတွက်အန္တရယ်ရှိနိုင်ပါတယ်။

  • Q: နားကြားကိရိယာဟာ နားကိုပြန်ကောင်းလာနိုင်ပါသလား။

      ဘယ်နားကြားကိရိယာမှ နားကိုပုံမှန်ပြန်ကောင်းအောင်မလုပ်ပေးနိုင်ပါဘူး ။ ဒါပေမယ့်အရင်တုန်းက မကြားရတဲ့အသံတွေကိုတော့ ကြားနိုင်အောင်လုပ်ပေးနိုင်ပါတယ်။

  • Q: နားကြားကိရိယာ တစ်ခု ဒါမှမဟုတ် နှစ်ခုလိုအပ်ပါသလား။

      နားနှစ်ဖက်လုံးမကြား သူတွေအတွက်ကတော့ နားကြားကိရိယာနှစ်ခုတပ်ဆင်ရမှာပါ။ တစ်ဖက်ပဲမကြားသူတွေက တော့အကြားရတဲ့ ဘက်မှာတပ်ဆင်နိုင်ပါတယ်။ နားကြားကိရိယာနှစ်ခုတပ်ဆင်မယ်ဆိုရင်တော့ ဆူညံသံတွေကြားထဲက အသံတွေကိုပိုပြီးကြားနိုင်ပါတယ်။ နှစ်ဖက်တည်းတပ်ဆင်က တစ်ဖက်တပ်တာထက် အသံကိုပိုမိုရှင်းလင်းစွာ ကြားနိုင်ပါတယ်။ နားကြားကိရိယာ ၈၀%ရာခိုင်နှုန်း ကတော့ နှစ်ဖက်လုံးအတွက်တစ်စုံပါပြီးသားဖြစ်ပါတယ်။

  • Q: နားကြားကိရိယာတပ်ဆင်ခြင်းကြောင် အသက်ကြီးတဲ့ပုံပေါက်မှာလား။ Style ကိုပျက်စေမှာလား။

      အခုခေတ်မှာနားကြားကိရိယာတွေဟာသေးငယ်ပြီး ပုံစံဒီဇိုင်းလှပပါတယ်။ တစ်ချိုးနားကြားကိရိယာတွေဟာ တပ်ဆင်ထားမှန်းတောင် မသိနိုင်ပါဘူး။

  • Q:


  • Autron နားကြားကိရိယာစင်တာ

  • အမှတ် ၃၇၇ ၊ ရွှေဘုံသာလမ်း(အပေါ်ဘလောက်) ၊ ပန်းပဲတန်းမြီု့နယ် ၊ ရန်ကုန် ၊
  • ဖုန်း - ၀၁ ၂၄၃၆၄၄ ၊ ၀၁ ၃၈၀၉၅၅ ၊ ၀၁ ၂၄၃၆၄၄ ၊ ၀၁ ၃၈၀၉၅၅
  • အီးမေး -
  • ၀က်ဆိုဒ် - www.autron-hearing.com